最新訊息

တကိုယ်ရေသန့်ရှင်းရေးအလေ့အထကောင်းများဖြင့် ကိုရိုနာဗိုင်းရပ်စ် Covid-19အားခုခံကြမည်

2020-03-30


ယခုအခါတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားရသော အဆုတ်ရောင်ရောဂါကြီးသည် ကမ္ဘာအရပ်ရပ်၌ ကူးစက်ပြန့်ပွားလျက်ရှိနေပါသည်။  လားရှိုးမြို့နယ် နောင်မွန်ကျေးရွာတွင်းရှိ မဟာကုသလရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းသည်လည်း ကျောင်းရှိဆရာတပည့်များ ကျန်းမာစေရေးအတွက် ယခုနှစ် ဇန်နဝါရီလကုန်မှစ၍ ကောင်းမွန်သော တကိုယ်ရေသန့်ရှင်းရေးအလေ့အထများ သင်ကြားပေးခြင်းဖြင့် ဤအဆုတ်ရောင်ရောဂါအား ခုခံကာကွယ်ရန် ဆောင်ရွက်ပေးခဲ့သည်။

ကျောင်းတာဝန်ခံ  ဆရာလေးဟိန်မင်၏ မိန့်ကြားချက်အရ မဟာကုသလရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းသည် ဇန်နဝါရီလ၂၇ရက်နေ့တွင် တရုတ်မြန်မာနယ်စပ်ဒေသ၌ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါသံသယရှိသူအား တွေ့ရှိခဲ့သည်ဟု သတင်းကြားရသည်နှင့် အရေးပေါ်အစည်းအဝေး ချက်ချင်းခေါ်ယူကျင်းပကာ ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်များ ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း သိရှိရသည်။  

ထိုအရေးပေါ်အစည်းဝေးတွင် နှာခေါင်းစည်း၊ အရက်ပျံ၊ ပိုးသတ်ဆေးရည်စသည့် ကူးစက်ရောဂါကာကွယ်ရေးထောက်ပံ့ပစ္စည်းများ လောက်ငှအောင်ကြိုတင်ဝယ်ယူခြင်း၊  ကျောင်းဝန်းအပြင်မှ ကျောင်းသို့ရောက်ရှိလာသော ဆရာနှင့်ဝန်ထမ်းများအား နဖူးအပူချိန်တိုင်းတာခြင်းနှင့် အရက်ပျံဖြင့် ပိုးသတ်ခြင်းများ နေ့စဉ်ပြုလုပ်ပေးခြင်း၊ ကျောင်းရှိကိုရင်လေးများ၏ မိဘများနှင့် ကြိုတင်ခွင့်ပြုချက်ရယူထားသောအလှူရှင်များသာ အပူချိန်တိုင်းပြီး နှာခေါင်းစည်းတပ်ဆင်၍ ကျောင်းသို့ ဝင်ရောက်စေခြင်း၊ ကျောင်းတွင်းသို့ ပြင်ပလူဝင်ရောက်နိုင်သော ဧရိယာများ ကန့်သတ်ထားခြင်း၊ ကိုရင်လေးအားလုံးနှင့်တကွ ပြင်ပသို့  ကျောင်းတွင်းလိုရာပစ္စည်းများ အမြဲသွားရောက်ဝယ်ယူရသော ကားဆရာနှင့်ဝန်ထမ်းများအား နေ့စဉ် အပူချိန်တိုင်းတာပေးခြင်း၊ ဝန်ထမ်းများ၏မိသားစုဝင်များနှင့် အိမ်နီးချင်းများ အဖျားအနာရှိပါကလည်း ကျောင်းသို့ ချက်ချင်းအသိပေးအကြောင်းကြားစေခြင်း စသည့်လုပ်ဆောင်ချက်များ ချမှတ်ခဲ့ကြသည်။ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ၏ ကူးစက်ပြန့်ပွားမှုအခြေနေသည် အပြောင်းလဲများစွာ ရှိနိုင်သည်ဖြစ်ရာ အကယ်၍ ကျောင်းအားအဝင်အထွက် ကန့်ကွက်၍ ပိတ်ဆို့ခဲ့သည်ရှိသော် ကျောင်းတွင်လိုအပ်နိုင်သော ဆန်၊ဆီ၊ဆားစသည့် စားသောက်ကုန်များအား တစ်လစာ စုဆောင်းထားရုံမက သံသယလူနာများအား သီးသန့်ထားရှိနိုင်ရန် သီးသန့်အခန်းများလည်း စီစဉ်ပေးထားပါသည်။

ဆရာလေးဟိန်မင်က ဤကျောင်းရှိကိုရင်လေးများအား ကောင်းမွန်သော တကိုယ်ရေသန့်ရှင်းရေးအလေ့အထများကို အမြဲတစေသင်ကြားပေးခဲ့ကြောင်း၊  တကိုယ်ရေသန့်ရှင်းရေးအလေ့အထကောင်းများရရှိစေရန် နေ့စဉ် နေထိုင်မှုဘဝမှ စတင်သွန်သင်ခဲ့ရကြောင်း မိန့်ကြားခဲ့သည်။ သာဓကအားဖြင့် ကျောင်းရှိဆရာ၊ဆရာမများသည် တကိုယ်ရေသန့်ရှင်းရေးအလေ့အထကောင်းများသင်ကြားရာတွင် ကိုရင်လေးများအား အမြဲတစေလက်ဆေးရန် သတိပေးရုံမက အတန်းတိုင်းတွင်လည်း မှန်ကန်သောလက်ဆေးနည်းများဖြင့် လက်ဆေးပြခဲ့ကြသည်။ ကိုရင်လေးများအား အမြဲတမ်း လက်သည်းညှပ်ရန် ဆုံးမကာ ၎င်းတို့၏ လက်သည်းကလေးများကိုလည်း နေ့စဉ်စစ်ဆေးခဲ့သည်။ လက်မှုသင်ကြားချိန်တွင် Eco-Friendly ဆပ်ပြာခဲများ ကိုယ်တိုင်ပြုလုပ်စေခြင်းဖြင့် လက်ဆေးခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းအား သဘောကျစေခဲ့သည်။  အပတ်စဉ်ရှိသူနာပြုသင်တန်းတွင်လည်း အိုင်အိုဒင်းဆေးရည်နှင့် ဝါဂွမ်းအစရှိသည့် ပစ္စည်းများ၏အသုံးပြုပုံကို သင်ကြားပေးခဲ့ပြီး ကိုရင်လေးများအား မိမိနှင့် အခြားလူအတွက် လွယ်ကူသော ဆေးကုသမှုအချို့ကို ပြုလုပ်စေနိုင်ခဲ့သည်။

နောင်မွန်ကျေးရွာရှိ မဟာကုသလရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းသည် ဝေးလံခေါင်သီသောဒေသတွင်တည်ရှိသော်လည်း ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကူးစက်ပြန့်ပွားမှုအခြေအနေကိုတော့ အချိန်နှင့် တစ်ပြေးညီရယူနိုင်ခဲ့ကြသည်။ ကျောင်းရှိ ဆရာ၊ဆရာမများသည် ကမ္ဘာတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေပုံကို ဆေးပေးခန်း၌ ပညာပေးသင်တန်းများ ပြုလုပ်ခြင်းဖြင့် ဆိုင်ရာဝန်ထမ်းများနှင့် ရဟန္တာတို့အား ရောဂါကာကွယ်ရေးလုပ်ငန်း၏ အရေးပါပုံကို သိရှိနားလည်စေခဲ့သည်။  ရောဂါကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက်သော အသိပေးချက်များကိုလည်း လက်ကမ်းစာစောင်များပြုလုပ်၍ ကျောင်းဆောင်များထဲတွင်ဖြန့်ဝေကာ ကျောင်းရှိသူများအားလုံး ကိုရိုနာဗိုင်းရပ်စ်၏ ရောဂါဆိုးရွားမှုအခြေနေကိုသိရှိစေပြီး ရောဂါကာကွယ်ရေးသည် လူတိုင်း၏တာဝန်ဖြစ်ကြောင်း နားလည်စေခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်အား ကြိုတင်ကာကွယ်နိုင်ရန် ယခုနှစ်မတ်လနှင့် မေလတွင် ဖွင့်လှစ်မည့် တရုတ်စာသင်တန်းများကိုလည်း ပိတ်ဆိုင်းထားသည်။ ဆရာလေးဟိန်မင်က ဤရောဂါကာကွယ်ရေးလုပ်ငန်းများသည် မလွယ်ကူကြောင်း၊ မတ်လကျောင်းပိတ်လျှင် ကိုရင်လေးများအိမ်ပြန်ကြမည်ဖြစ်ရာ ကျောင်းသို့ပြန်လည်ရောက်ရှိလာချိန်တွင် မည်သို့စီစဉ်သင့်သည်ကို အလေးအနက် တွေးတောစီမံရမည်ဖြစ်ကြောင်း၊ နောက်နောင်တွင် ကိုရင်လေးများအား ပိတ်စဖြင့် နှာခေါင်းစည်း ချုပ်လုပ်ခြင်း သင်ကြားပေးရန် စဉ်းစားနေကြောင်း မိန့်ကြားခဲ့သည်။ မည်သို့ပြင်ဖြစ်စေ   မဟာကုသလရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိသူများအားလုံးသည် ရောဂါကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများကို စိတ်ညီလက်ညီပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဤကပ်ရောဂါကြီးသည်လည်း မကြာမီအချိန်တွင်းတွင် ထိန်းချုပ်နိုင်၍ ကျောင်းဝင်းကြီးသည်လည်း ရောဂါမဖြစ်ခင် အနေထားသို့ အမြန်ပြန်လည်ရောက်ရှိလိမ့်မည်ဟု မျှော်လင့်နေကြပါသည်။


English
Chinese 中文

Back Home