最新訊息

သတင်းမီဒီယာများ၏ စိတ်ဝင်စားမှုအား ရယူနိုင်ခဲ့သော ဘဝငြိမ်းချမ်းရေး တက္ကသိုလ်၏ "မြန်မာနေ့" အစီအစဉ်

2020-08-18

 

ကမ္ဘာတစ်ဝန်း၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိတရားများ တိုးမြှင့်လာသည်နှင့်အမျှ မြန်မာနိုင်ငံအစိုးရသည်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ပိုမိုအားစိုက်၍ လုပ်ဆောင်လာခဲ့ကြသည်။ ယခုနှစ်ပိုင်းတွင် မြန်မာအစိုးရသည် အီတလီနိုင်ငံ အခြေစိုက် NGOအဖွဲ့စည်း Istituto Oikos နှင့် ပူးပေါင်း၍ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်ရှိ ဇီဝမျိုးကွဲများ ထိန်းသိမ်းရန်အတွက် စီမံခန့်ခွဲမှုစီမံကိန်းများ ဖော်ဆောင်ခဲ့သည်အပြင် လားရှိုးမြို့နယ် နောင်မွန်ကျေးရွာရှိ မဟာကုသလရာမကျောင်းတော်ကြီးထဲတွင်လည်း လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့နှင့် လက်တွဲ၍ သစ်အပင်တစ်ထောင်အား စိုက်ပျိုးပေးခဲ့သည်။ အဏ္ဏဝါဂေဟစနစ်ထိန်းသိမ်းခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်းများဖြင့် မြန်မာနိုင်ငံအစိုးရသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ခေါင်းဆောင်ပြုလုပ်ကာ ပြည်သူလူထုတို့၏ စံနမူနာအဖြစ် ရပ်တည်နေနိုင်ခဲ့သည်။

 

ဘဝငြိမ်းချမ်းရေးတက္ကသိုလ်၏ ၂၀၂၀ခုနှစ် ဒုတိယကြိမ်မြောက် စမ်းသပ်ပညာရေး ဆောင်းရာသီသင်တန်းသည် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ မဟာကုသလရာမကျောင်း၌ ကျင်းပခဲ့ရာ အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ မြန်မာ၊ မလေးရှားစသည့် နိုင်ငံပေါင်း (၈) နိုင်ငံမှ ပါမောက္ခများနှင့် ယေးလ်တက္ကသိုလ်၊ ကင်းဘရစ်တက္ကသိုလ်၊ ပေကျင်းတက္ကသိုလ်စသည့် တက္ကသိုလ် (၁၁) ကျောင်းမှ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ဘဝငြိမ်းချမ်းရေး တက္ကသိုလ်၏ ဒုတိယကြိမ်မြောက် ဆောင်းရာသီသင်တန်းသည် နိုင်ငံအသီးသီးမှ ကျော်ကြားသော ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများအား စုစည်းနိုင်ခဲ့ရုံသာမက လက်ရှိမြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း အသေးစိတ်ဆွေးနွေးသင်ပြနိုင်ခဲ့သည်။ ထို့ကြောင့် သတင်းမီဒီယာများသည် ဤဆောင်းရာသီသင်တန်းအား အလွန်စိတ်ဝင်စားခဲ့ကြပြီး ၎င်းတို့၏ သတင်းအစီအစဉ်များတွင် သင်တန်းနှင့် ပတ်သက်သည့် သတင်းများ ထုတ်လွင့်တင်ပြခဲ့ကြသည်။  မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကဏ္ဍများ သီးသန့်ဆွေးနွေးရန်အတွက် သင်တန်းတွင် "မြန်မာနေ့" တစ်ရက် သတ်မှတ်ပေးထားသည်။ ထိုနေ့တွင် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ် ထိန်းသိမ်းရေးစီမံကိန်း၏ စီမံကိန်းမန်နေဂျာ Elisaနှင့် နောင်မွန်ကျေးရွာ မဟာကုသလရာမကျောင်းတော်ကြီးမှ ဆရာကြီးဟိန်မင်တို့က သင်တန်းတက်ရောက်သူတို့အား ၎င်းတို့၏လုပ်ငန်းအခြေနေနှင့် အတွေ့ကြုံများ လာရောက်မျှဝေခဲ့ကြသည်။ မြန်မာနိုင်ငံ၏ ဥပဒေပညာရှင်များသည်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်သော မြန်မာနိုင်ငံ၏ ဥပဒေများ၊ မြို့ပြနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေနေများ၊ ပြည်တွင်းပြည်ပမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေများအား ရှင်းလင်းပြောကြား၍ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၏ လက်ရှိအခြေနေနှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအခြေနေများကိုလည်း အသေးစိတ် ဆွေးနွေးတင်ပြခဲ့ကြသည်။ ထိုအကြောင်းရာများနှင့် ပတ်သက်၍ မီဒီယာများက သင်တန်းသို့ သတင်းများ လာရောက်ယူခဲ့ကြပြီး RFAအသံလွှင့်ဌာနမှလည်း ၎င်းတို့၏ အထူးအစီအစဉ်အဖြစ် ဆရာတော် ဘဒ္ဒန္တကုသလအား အင်တာဗျူးမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

 

သင်တန်းစတင်သည့်နေ့မှစ၍ မြန်မာနိုင်ငံ၏ လူသိများသော TV Channel များဖြစ်သည့် SKY NET BUBBHA Channel၊ SKY NET Info Channel၊ SKYNET UP TO DATE၊ SKYNET KNOWLEDGE စသည့် Channel များနှင့် အွန်လိုင်းမီဒီယာဖြစ်သောMingalapar news တို့သည် သင်တန်းသို့ လာရောက်၍ သတင်းရယူခဲ့ကြသည်။ SKY NET ၏ အချို့ Channel များသည် သတင်းလာရောက် ယူခဲ့ရုံသာမက သင်တန်း၏ သင်ကြားမှုအားလုံးကိုလည်း အချိန်ပြည့် ရိုက်ကူးမှတ်တမ်းတင်သွားခဲ့ကြသည်။ နှစ်ပတ်မျှကြာသော သင်တန်း၏ ပို့ချမှုများသည် အကြောင်းရာအလွန်စုံလင်လှပေသည်။ လူသားတို့၏ လူနေမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်တို့အကြား၌ ပဋိပက္ခများ ဖြစ်ပေါ်နေရသော အဓိက အကြောင်းရင်းများ ရှာဖွေခြင်း၊ ဂေဟစနစ်နှင့် ပတ်သက်သောသီအိုရီများအား လက်တွေ့အသုံးချနိုင်ရန် မည်သို့ပြောင်းလဲနိုင်ခြင်းအနုပညာများ စသည့် အကြောင်းရာများ ဆွေးနွေးခဲ့ကြသလို သင်တန်း၏ သင်ကြားမှုများသည်လည်း ဆရာတို့၏ ကြိုတင်ပြင်ဆင်ထားသော Powerpoint များဖြင့်လည်းကောင်း၊ သင်တန်းသားတို့အား အုပ်စုများဖွဲ့ကာ သီးခြားဆွေးနွေးစေ၍လည်းကောင်း၊ သင်တန်းသားများအား မတူညီသော အခန်းကဏ္ဍမှ သရုပ်ဆောင်၍ သရုပ်ပြသင်ကြားခြင်းများ ပြုလုပ်စေ၍လည်းကောင်း သင်တန်းတက်ရောက်သူတို့အား စိတ်ဝင်စားမှုရှိစေရန် နည်းအမျိုးမျိုးဖြင့် သင်ကြားခဲ့ကြသည်။

 

လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့ အဓိပတိ ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်)က အင်တာဗျူး မေးမြန်းသည့် အစီအစဥ်တွင် သဘာဝပတ်ဝန်းကျင်ပြဿနာတို့၏ အဓိက အရင်းမြစ်မှာ လူသားတို့၏ စိတ်ပိုင်းဆိုင်ရာအသိဉာဏ်များ မနိုးကြားနိုင်ခြင်းကြောင့်ဟု မိန့်ကြားတော်မူသည်။ ဗုဒ္ဓမြတ်စွာဘုရားသည် ဂေဟဗေဒနှင့် ဆက်စပ်သော တရားတော်များလည်း ဟောကြားတော်မူခဲ့ပါသည်။ မြတ်စွာဘုရားရှင်သည် လူ့ပြည်ရှိ သတ္တဝါအပေါင်းပေါ်တွင် မေတ္တာစေတနာနှင့် ဂရုဏာစိတ်များထားရှိသည်။ လူသားတို့သည် ဘုရားရှင်၏ ဆုံးမချက်အား လစ်လျူရှု၍ လောဘစိတ်ဖြင့် မည်သည့်အရာမဆို လွန်ကျွံစွာ တောင့်တခြင်းနှင့် ရယူသုံးစွဲခြင်းတို့ကြောင့် သဘာဝသယံဇာတများ ပြုန်းတီး၍ ကာဗွန်တိုင်အောက်ဆိုဒ်ထုတ်လုပ်မှုများ များပြားလာကာ သဘာဝပတ်ဝန်းကျင်အား ထိခိုက်စေခဲ့သည်ဟုလည်း ဆရာတော်က မိန့်ကြားဖြေဆိုခဲ့သည်။ အရာအားလုံးတွင် စိတ်ပိုင်းဆိုင်ရာအသိဉာဏ်ရှိသည်။ ဂေဟဗေဒစနစ်သည်လည်း ထိုနည်းတူပင်ဖြစ်သည်။ လူသားတို့သည် လောဘစိတ်ကြောင့် မှန်ကန်သော စိတ်အသိဉာဏ်များ ကွယ်ပျောက်နေသောအခါ ပတ်ဝန်းကျင်တွင် မိမိနှင့်အတူတည်ရှိနေသော ဂေဟဗေဒစနစ်ကြီးနှင့် လျော်ညီစွာ အတူတကွရှင်သန်နေထိုင်ရန် အသိဉာဏ်များ မရှိတော့ပေ။

 

ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်) သည် လက်ရှိအချိန်တွင် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့၏ မဟာကုသလရာမကျောင်းရှိ နောင်မွန်အော်ဂဲနစ်စိုက်ပျိုးရေးခြံကြီးသည် ကမ္ဘာမြေကြီးအား မထိခိုက်စေသောနည်းလမ်းများဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်းကိုလည်း မိန့်ကြားခဲ့သည်။ အော်ဂဲနစ်စိုက်ပျိုးရေးဖြင့် ဆရာတော်ကြီးသည် လူသားတို့ ကမ္ဘာမြေကြီးအား တန်ဖိုးထားတတ်သည့်စိတ်များ ဖြစ်ပေါ်လာစေချင်သည်။  နောင်မွန်အော်ဂဲနစ်စိုက်ပျိုးရေးခြံကြီး၏ လုပ်ငန်းအတွေ့ကြုံများသည် ဂေဟဗေဒစနစ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လက်တွေ့အသုံးချနိုင်သော စံနမူနာတစ်ခုဖြစ်ပြီး ယခုသင်တန်း အတွင်းတွင် အဓိကဆွေးနွေးခံခဲ့ရသော အရေးပါသည့် သင်ရိုးညွှန်းတမ်းကြီးတစ်ခုလည်းဖြစ်သည်။

 

ဆောင်းရာသီသင်တန်း၏ ဆွေးနွေးမှုများအရ ကမ္ဘာပေါ်ရှိ လူဦးရေများ တိုးပွားလာ၍ သဘာဝသယံဇာတများ ပြုန်းတီးလာသည်နှင့်အမျှ ဂေဟဗေဒစနစ်ကြီးအား နဂိုအနေထားသို့ ပြန်လည်ရောက်ရှိစေသော လုပ်ငန်းများသည်လည်း ပိုမိုခက်ခဲလာမည်ဖြစ်ကြောင်း သိရှိရသည်။ မည်သို့ပင်ဖြစ်စေ ဆရာတော်ကြီး၏ ကမ္ဘာမြေကြီးအားကုသခြင်းလုပ်ငန်းများမှာ မည်သည့်အချိန်မှ ရပ်တန့်သွားမည်မဟုတ်ချေ။ ဆရာတော်ကြီးက ဘဝငြိမ်းချမ်းရေး တက္ကသိုလ်ကြီးအား တည်ထောင်ရခြင်းမှာ နယ်ပယ်အသီးသီးမှ နည်းပညာရပ်များပူးပေါင်း၍ ကမ္ဘာမြေပေါ်တွင် ဖြစ်ပွားနေသော ဂေဟဗေဒဆိုင်ရာပြဿနာများအား ဖြေရှင်းကာ ကမ္ဘာမြေကြီးအား ကုသပေးလိုသောကြောင့်ဟု မိန့်ဆိုခဲ့သည်။

 

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာတက္ကသိုလ်ငါးခု တည်ထောင်နိုင်ခဲ့ပြီး သာသနာရေးဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်သည့် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်လည်း ဆက်ကပ်ပူဇော်ခံခဲ့ရသော သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရသည် ၂၀၂၀ခုနှစ် ဘဝငြိမ်းချမ်းရေးတက္ကသိုလ် ဆောင်းရာသီသင်တန်း၏ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကိုယ်တိုင်ကြွရောက်ချီးမြှင့်ခဲ့သည်။ သီတဂူဆရာတော်ဘုရားကြီးသည် သင်တန်း၏ ခေါင်းစဉ်နှင့် ဆက်စပ်သောသင်ရိုးညွှန်းတမ်းများ စီမံပေးထားပုံကို များစွာသဘောကျ၍ ဆရာတော်ဘုရားကြီးတည်ထောင်သောကျောင်းများတွင် သင်ကြားပို့ချရန်အတွက် သင်ရိုးညွှန်းတမ်းနမူနာများကိုလည်း ယူဆောင်သွားခဲ့သည်။

 

မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်များကတည်းက ဗုဒ္ဓသာသနာ ထွန်းကားခဲ့လေရာ  ဗုဒ္ဓသာသနာသည် မြန်မာတို့၏ အမွန်မြတ်ဆုံးသော သမိုင်းအမွေအနှစ်ဖြစ်သည်။ ဆရာတော်ဘဒ္ဒန္တကုသလ (အရှင်စင်တောက်) သည် ဘဝငြိမ်းချမ်းရေး တက္ကသိုလ်ကြီးအား ဗုဒ္ဓသာသနာ ထွန်းကားသော မြန်မာနိုင်ငံ၌ တည်ထောင်ရသော အကြောင်းအရင်းအား ဘာသာရေးရှုထောင့်၊ ဂေဟဗေဒရှုထောင့်နှင့် သိပ္ပံနည်းပညာရှုထောင့်တို့ဖြင့် သင်တန်းသို့ ရောက်ရှိလာသော မီဒီယာများ လွယ်ကူစွာနားလည်နိုင်ရန် ရှင်းလင်းစွာ မိန့်ဆိုခဲ့သည်။ သင်တန်းသို့ တက်ရောက်လာသော ဆရာဆရာမများနှင့် သင်တန်းသူသင်တန်းသားတို့သည် ခေတ်မှီဆန်းသစ်သော ပညာရေးနည်းစနစ်များဖြင့် အသိဉာဏ်များ ဖွံ့ဖြိုးတိုးတက်ကာ လူသားတို့၏ လူနေမှုဘဝအား အဘက်ဘက်မှ ပြန်လည်သုံးသပ်၍ ဂေဟဗေဒစနစ်ကြီးအား ထိန်းသိမ်းနိုင်မည့် ပြင်ဆင်မှုများ ရှာဖွေတွေ့ရှိနိုင်ပြီး လက်တွေ့ကျကျ ပြောင်းလဲပြုပြင်နိုင်လိမ့်မည်ဟုလည်း ဆရာတော်ကြီး ဘဒ္ဒန္တကုသလမှ မီဒီယာတို့အား မိန့်ကြားခဲ့ပါသည်။

► English(ver.)

Chinese 中文

Back Home